မြောက်ဥက္ကလာ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂ဝ၂၃) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက သင်တန်းဆင်းပွဲအမှာစကားပြောကြားခဲ့ပြီး ဆုရရှိသူများကို ဆုတံဆိပ်များချီးမြှင့်သည်။ ထို့နောက် သင်တန်းသားများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)