ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃)သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ဒဂုံတောင်  ဒီဇင်ဘာ   

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်  ၉ နာရီအချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မီးသတ်ခန်းအစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်ကသင်တန်းဆင်းအမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့များရဲ့ ပြည်သူလူထုအကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန်၊ မိမိကိုယ်ကိုကာကွယ်နိုင်စေရန်၊ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်‌စေရန်၊ စွမ်းဆောင်ရည်များမြင့်မား‌စေရန်အတွက် အမြဲမပြတ် လေ့ကျင့်နေရန်များလိုအပ်ပါကြောင်း စသဖြင့်‌ပြောကြားသည်။

 ထို့နောက်သင်တန်းဆင်းလက်မှတ်များကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၊ အဖွဲ့ဝင်(၂)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မိမြို့ဖများက ပေးအပ်ကြ‌ကြောင်းနှင့် အဆိုပါသင်တန်းကို နိုဝင်ဘာလ ၆ ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာဖွင့်လှစ်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးအား မီးဘေးအန္တရာယ်နှင့် သဘာဝဘေးဆိုင်ရာများကြုံ‌တွေ့လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး စာတွေ့လက်တွေ့သင်ကြား‌‌ပေးကြောင်း သိရသည်။

သန်းသန်းအေး