လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ “(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်” ပန်းချီပြိုင်ပွဲပြုလုပ်

လိပ်သို ဒီဇင်ဘာ ၂

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် “(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အဖြစ် ကျောင်းသား/သူများအား ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁  နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးထားရန်နှင့် မမေ့လျော့စေရန် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအား  “လူငယ်နှင့်နိုင်ငံအနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲအား “အမျိုးသားနေ့နှင့်လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း ပြိုင်ပွဲပြုလုပ်ရာ ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)