နေပြည်တော် ဒီဇင်ဘာ ၂
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက် ၆ နာရီမှစ၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့များတွင် သက်ဆိုင်ရာစုရပ်များတွင် ကျင်းပလျက်ရှိသည်။
အဆိုပါ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းမြို့၊ ခန္တီးမြို့၊ ကျွန်းလှမြို့တို့တွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ ဘုတ်ပြင်းမြို့နှင့် ကျွန်းစုမြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့၊ သာယာဝတီမြို့၊ ကျောက်တံခါးမြို့၊ ပန်းတောင်းမြို့၊ ပဲခူးမြို့၊ သဲကုန်းမြို့၊ မင်းလှမြို့၊ မိုးညိုမြို့၊ ပေါင်းတည်မြို့၊ သနပ်ပင်မြို့၊ နတ်တလင်းမြို့၊ တောင်ငူမြို့၊ ဒိုက်ဦးမြို့၊ ဖြူးမြို့၊ ရွှေတောင်မြို့၊ ဝေါမြို့၊ ပေါက်ခေါင်းမြို့နှင့် ကြို့ပင်ကောက်မြို့တို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးရှိ စလင်းမြို့၊ သရက်မြို့၊ နတ်မောက်မြို့၊ မင်းဘူးမြို့၊ ငဖဲမြို့၊ ကံမမြို့၊ စေတုတ္တရာမြို့၊ မင်းလှမြို့၊ မြို့သစ်မြို့နှင့် ပွင့်ဖြူမြို့တို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ရမည်းသင်းမြို့၊ ပျော်ဘွယ်မြို့၊ မိတ္ထီလာမြို့၊ ညောင်ဦးမြို့၊ ပြင်ဦးလွင်မြို့၊ မြစ်သားမြို့၊ သာစည်မြို့နှင့် ကျောက်ပန်းတောင်းမြို့တို့တွင်လည်းကောင်း၊ မွန်ပြည်နယ်ရှိ သထုံမြို့၊ မုဒုံမြို့နှင့် ကျိုက်ထိုမြို့တို့တွင်လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ သံတွဲမြို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်မြို့၊ ထန်းတပင်မြို့၊ ကျောက်တန်းမြို့၊ ကြည့်မြင်တိုင်မြို့၊ မှော်ဘီမြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဗိုလ်တထောင်မြို့၊ သာကေတမြို့၊ စမ်းချောင်းမြို့၊ မှော်ဘီမြို့၊ ကွမ်းခြံကုန်းမြို့၊ မြောက်ဥက္ကလာပမြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ တောင်ဥက္ကလာပမြို့၊ လမ်းမတော်မြို့၊ လှည်းကူးမြို့၊ လှိုင်မြို့နယ်၊ လှိုင်သာယာမြို့၊ ကျောက်တံတားမြို့၊ မရမ်းကုန်းမြို့၊ ဗဟန်းမြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်မြို့၊ ရန်ကင်းမြို့၊ ဒလမြို့၊ ဒေါပုံမြို့၊ ခရမ်းမြို့၊ တိုက်ကြီးမြို့၊ အလုံမြို့၊ လသာမြို့နှင့် သုံးခွမြို့တို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ငပုတောမြို့၊ အင်္ဂပူမြို့၊ မအူပင်မြို့၊ ဒေးဒရဲမြို့၊ အိမ်မဲမြို့၊ ဝါးခယ်မမြို့၊ ဇီးကုန်းမြို့၊ မြန်အောင်မြို့၊ ညောင်တုန်းမြို့၊ လပွတ္တာမြို့၊ ဘိုကလေးမြို့၊ ကန်ကြီးထောင့်မြို့၊ ဟင်္သာတမြို့၊ ကျုံပျော်မြို့၊ မြောင်းမြမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ကျိုက်လတ်မြို့၊ ကြံခင်းမြို့၊ ရေကြည်မြို့၊ ဖျာပုံမြို့နှင့် ကျောင်းကုန်းမြို့တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ လွိုင်လင်မြို့၊ မိုင်းပန်မြို့၊ မိုင်းဆတ်မြို့၊ မိုင်းတုံမြို့၊ မိုင်းယုမြို့၊ မိုင်းခတ်မြို့၊ နမ့်စန်မြို့၊ လဲချားမြို့၊ မိုင်းရှူးမြို့၊ ဆီဆိုင်မြို့၊ မက်မန်းမြို့၊ ရပ်စောက်မြို့၊ မောက်မယ်မြို့၊ လင်းခေး၊ ပင်းတယမြို့၊ မိုးနဲမြို့နှင့် ကျိုင်းတုံမြို့တို့တွင်လည်းကောင်း အသီးသီးကျင်းပခဲ့ကြသည်။
ရှေးဦစွာ အဆိုပါစုပေါင်းလမ်းလျှောက်သူများသည် သက်ဆိုင်ရာစုရပ်များမှတစ်ဆင့် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကာယလေ့ကျင့်ခန်း အတွဲ -၁ ၊ အတွဲ -၂ နှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကိုလည်း ပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ စုပေါင်းလမ်းလျှောက်သူများအား ဌာနဆိုင်ရာများ၊ အလှူရှင်များကလည်း နံနက်စာ ကောက်ညှင်းပေါင်း၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည် အစရှိသည့်မုန့်များဖြင့် ကျွေးမွေးခဲ့ကြကြောင်း၊ စုပေါင်းလမ်းလျှောက်ခြင်းကို သက်ဆိုင်ရာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။