မြစ်သား ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုအတွင်း ရွှေသူဌေးရပ်ကွက်ရှိ မြစ်သား ဘိုးဘွားရိပ်သာမှ အဘိုးအဘွား(၃၀)ဦးအား ဆောင်းရာသီ ဒီဇင်ဘာလတွင်ပျော်ပျော်ပါးပါး လမ်းလျှောက်ကြ ဆောင်ပုဒ်ဖြင့်အညီ ယနေ့နံနက် (၆)နာရီခွဲအချိန်မှ စတင်လမ်းလျှောက်ခဲ့ကြ ကြောင်းသိရသည်။
မြစ်သားဘိုးဘွားရိပ်သာမှ အုပ်ချုပ်ရေးမှူး ဦးတင်စိန်နှင့် အဘိုး(၄)ဦး၊အဘွား(၂၆)ဦး စုစုပေါင်း(၃၁)ဦးတို့သည် မြစ်သားဘိုးဘွားရိပ်သာမှ မြစ်သားမြို့အထွက်ဆိုင်းဘုတ်အထိ အသွားအပြန် ပျော်ပျော်ပါးပါး လမ်းလျှောက်ခဲ့ကြပြီးနောက် မြစ်သားဘိုးဘွားရိပ်သာအတွင်း၌ ကိုယ်လက်ကြံ့ခိုင် လေ့ကျင့်ခန်းလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် မြစ်သားဘိုးဘွားရိပ်သာသို့ လာရောက်နားခိုကြသော အဘိုးအဘွားများ၏ စားဝတ်နေရေး၊ကျန်းမာရေး၊လူမှုရေးကိစ္စတို့ကို ပြည်သူများ၏ လှူဒါန်းမှုအပေါ်ရပ်တည်၍ မြစ်သားဘိုးဘွားရိပ်သာမှစီစဉ်၍ ဆောင်ရွက်ပေးလျက်ရှိရာ အဘိုးအဘွားများကိုယ်ကျန်းမာစိတ်ချမ်းသာပြီး အသက်ရှည်ကြစေရန် မြစ်သားဘိုးဘွား ရိပ်သာမှ ပြုလုပ်ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)