ဒဂုံ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီ၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ဒီဇင်ဘာလ(ပထမပတ်) လူထုလှုပ်ရှားအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဦးဆောင်၍ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲနှင့်ဝန်ထမ်းများ သူနာပြုတက္ကသိုလ်မှ ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများက ပျော်ပျော်ပါးပါးစုပေါင်း လမ်းလျှောက်ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ကြသူများပြည်သူ့ရင်ပြင် စုရပ်မှစတင်ပြီး လမ်းလျှောက်ထွက်ခွာခဲ့ရာ ဦးဝိစာရအဝိုင်းသို့ပတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးနောက် ပြည်သူ့ရင်ပြင်တွင် စုပေါင်းကိုယ်လက် လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ ပြည်သူများ စုစုပေါင်းအင်အား (၂၀၀၀) ကျော်တို့က ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ် ဒီဇင်ဘာလူထုအားကစားလလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲပါဝင်သူ(၂၀၀၀)ဦးအား နံနက် ခင်းစာအဖြစ် ကောက်ညှင်းပေါင်း၊ အကြော်၊ လက်ဖက်ရည်/ကော်ဖီတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်