စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆက်လက်ကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်  ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး၊ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုင်ငန်းညှိနှိုင်း အစည်းအဝေးကို ‌ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား၊ကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန် မြှင့်တင်ရေးအနေဖြင့် ဟောပြောပွဲများ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနာယကမှ ဦးသန်းအောင်က ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ ကျောင်းစာအပြင် စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေများမှ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် ကလေးငယ်များအား ပြိုင်ပွဲ၀င်လိုစိတ်ရှိလာအောင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများအပြင် ပြိုင်ပွဲ၀င်ဆုများပါ ချီးမြှင့်ပေးစေလိုကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်ခင်ဆန်းက ပညာရေးဌာနမှ ပြိုင်ပွဲများတွင် ပြိုင်ပွဲ၀င်ဦးရေ သတ်မှတ်ပြီး အကဲဖြတ် အမှတ်ပေးဒိုင်များ ရွေးချယ်ရေးများကို တင်ပြဆွေးနွေးခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူအဖွဲ့၀င်များဖြစ်သော ဦးတိုက်ကြည် (တရားလွှတ်တော်ရှေ့နေ)၊ ဦးထွန်းမြင့်၊ ဒေါ်နီနီအေး၊ ဒေါ်မိုးမိုး၊ ဒေါ်အေးသိန်းတို့က ပြိုင်ပွဲနှင့် ပတ်သက်သည့် ပြိုင်ပွဲ၀င် ကျောင်းသား/သူ ဦးရေအားလုံး ပြိုင်ပွဲ၀င်လိုစိတ် ရှိလာအောင် ကြိုးစားချင်စိတ်ရှိလာအောင် ပြိုင်ပွဲ၀င်ဆုများ ချီးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အစည်းအဝေးသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ နာယက ဦးသန်းအောင်နှင့် အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့မှ ဥက္ကဋ္ဌ ဦးတိုက်ကြည် (တရားလွတ်တော်ရှေ့နေ)နှင့် အဖွဲ့ဝင်များ၊ (Woman Club)အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ခင်စန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ပြန်/ဆက်)