မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အား ကြိုဆိုဂုဏ်ပြုသည့်အားဖြင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော ကလေးများအား Catch Up နည်းလမ်းဖြင့် ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်း အခမ်းအနား ပြုလုပ်

အင်္ဂပူ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ကျေးလက်ကျန်းမာရေးဌာနတွင်ယနေ့နံနက်ပိုင်းက  မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသည့်အားဖြင့် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော အသက် (၂) နှစ်မှ (၅) နှစ်အရွယ် ကလေးများအား Catch Up နည်းလမ်းဖြင့် ကာကွယ်ဆေး တိုက်ကျွေး/ ထိုးနှံခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အင်္ဂပူမြို့နယ် ဒုတိယခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီက အခမ်းအနား ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသည့် အသက်(၂)နှစ်မှအသက်(၅)နှစ်အရွယ် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ‌ဦးအောင်ကျော်မိုး၊ အင်္ဂပူမြို့နယ် ဒုတိယခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီနှင့် ဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးစိုးအောင်နှင့် ကာကွယ်‌ဆေးထိုးနှံမည့် က‌ လေးငယ်များနှင့် မိဘများ တက်ရောက်ခဲ့ကြောင်းနှင့် ကာကွယ်ဆေး အပြည့်အဝ မရသေးသည့် အသက်(၂)နှစ်မှ အသက်(၅)နှစ်အရွယ် ကလေးငယ် (၂၂)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)