ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် သီးနှံစိုက်ခင်းများအားကြည့်ရှု

မိုးညို ဒီဇင်ဘာ ၃              

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ ဗောဓိကုန်းကျေးရွာအနီးရှိ ကွင်းအမှတ်(၅၇)သို့ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်ကရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းသန်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်သီတာဦး၊ ဌာနဆိုင်ရာများ၊ တောင်သူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ကုန်းအုပ်စု၊ ဗောဓိ‌ကုန်း‌ကျေးရွာ၊ ကွင်းအမှတ်(၅၇)ရှိ တောင်သူဦးဝင်းနိုင်အပါအဝင် တောင်သူ(၂၀)ဦး၏ ဖူးစားပြောင်း၊ ငရုတ်၊ ခရမ်းချဉ်၊ ပဲပုတ်၊ ပဲယင်း၊ မြန်မာဆေးရွက်ကြီး စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများကိုမေးမြန်း၍ လိုအပ်သည်များကို‌ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သီးနှံများအထွက်နှုန်းကောင်းမွန်စေရေးအတွက် သွင်းအားစုများဖြစ်သော မှိုသတ်ဆေး၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို တောင်သူများလက်ဝယ်အရောက်‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)