မော်လမြိုင်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းကုသပေး

မော်လမြိုင် ဒီဇင်ဘာ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်ရှိ အနာဂတ်ဘဝအဖွဲ့(Future Life Organization)မှ ဖွင့်လှစ်ထားသော အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးများသင်တန်းသို့သွားရောက်ပြီး ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြသည်။

ကျန်းမာရေးစစ်ဆေးကုသပေးရာတွင် မော်လမြိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များပါဝင်သောအဖွဲ့များက “လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာများ၊ ကလေးငယ်(၂၁)ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီးလိုအပ်သော ဆေးဝါးများနှင့်ဗီတာမင်အားဆေးရည်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်