ထားဝယ် ဒီဇင်ဘာ ၃
"လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့"ဆောင်ပုဒ်နှင့်အညီ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြိုအထူးကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ လေးထပ်ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ်အခြေခံပြည်သူ့ကျန်းမာရေးဝန်ထမ်းများက လေးထပ်ကျောင်းဘုန်းတော်ကြီး ပညာသင်ကျောင်းရှိကာကွယ်ဆေးထိုးရန်ကျန်သော အသက်(၁၅)နှစ်အောက် ကိုရင်၊ သီလရှင်နှင့် ကျောင်းသူ၊ ကျောင်းသားများအား (special immunization activity)အထူးကာကွယ်ဆေးထိုးအစီအစဉ်အဖြစ် ကာကွယ်ဆေးများထိုးနှံပေး ပြီးလိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို ဒုတိယတိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာဥက္ကာနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)