မကွေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Dec 04,2023
၂၀၁၉ - ၂၀၂၀ ၊ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်၊ မကွေးတက္ကသိုလ် (နေ့သင်တန်း)၊ ၂၀၁၉ ၊ ၂၀၂၂ ပညာသင်နှစ် မကွေးတက္ကသိုလ် (အဝေးသင်သင်တန်း)နှင့် ၂၀၁၉ ပညာသင်နှစ်၊ ရေနံချောင်း ဒီဂရီကောလိပ် (အဝေးသင်သင်တန်း)တို့၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ(၁)ရက်နေ့မှ စတင်၍ မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိသည်။