မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းပန်မြို့နယ်၌ တီဘီရောဂါရှာဖွေကုသခြင်းလုပ်ငန်းဆောင်ရွက်

မိုင်းပန် ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တီဘီရောဂါရှာ‌‌ဖွေကုသခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့က မြို့နယ်၏ ခက်ခဲဒေသဖြစ်‌‌သော ပန်ပိကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ရှာဖွေကုသစစ်ဆေးခဲ့သည်။

အဆိုပါ တီဘီရောဂါရှာဖွေကုသခြင်းတွင် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ဒေါက်တာအိအိချော၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ပန်ပိကျေးရွာ၌ တီဘီရာဂါရှာဖွေကုသခဲ့ရာ ဓာတ်မှန်ရိုက်သူပေါင်း(၂၀၆)ဦး၊ ဆေးကုသမှု‌ပေးသူပေါင်း(၁၈၉)ဦးနှင့် တီဘီ‌ရောဂါ(အသစ်)တွေ့ရှိသူပေါင်း(၇)ဦးရှိကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)