မင်းလှ ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး အထွက်ကောင်း မျိုးသန့်၊ မျိူးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံတောင်သူများနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီနှံများကို တိုးချဲ့စိုက်ပျိုးကြရန် တိုက်တွန်းအမှာစကား ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပဲတီစိမ်း (ဩစီ၊ ရေဆင်း-၁၄၊ ရေဆင်း-၁၆)မျိုး၊မတ်ပဲ (TBL-9၊ ရေဆင်း- ၇)မျိုး၊ ဆောင်းမြေပဲ (ဗီယက်နန်) မျိုးများကို ဆောင်သီးနှံ စိုက်ပျိုးမည့် ဒေသခံ တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးမည့် ရွှေလောင်း၊ဒီလှိုင်း၊သရက်တော၊ဖြူကွင်း ကျေးရွာများကို မြစိမ်းရောင်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) စီဖြင့် စုစုပေါင်းငွေကျပ်သိန်း (၁၂၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် မိုးစပါး စိုက်ဧက (၇၆၁၄၁) ဧက ရှိပြီး၊ ဆောင်းသီးနှံဖြစ်သည် ဆီထွက်သီးနှံ ဆောင်းမြေပဲ (၁၀၈၉)ဧက၊ ပဲတီစိမ်း(၂၁၈၉)ဧက၊ မတ်ပဲ(၈၄၁၀၀) ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးဦးစီးမှူး ဦးထွန်းထွန်းအောင်ထံမှ သိရသည်။
ပေါက်စ(မင်းလှ)