အမျိုးသမီးများအပေါ် အကြမ်းဖတ်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်(GBV) အသိပညာ‌ပေးသင်တန်း သာပေါင်းမြို့နယ်တွင် ဖွင့်လှစ်

သာပေါင်း ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖတ်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်(GBV) အသိပညာ‌ပေးသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။

အမျိုးသမီးများအပေါ် အကြမ်းဖတ်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်(GBV) အသိပညာ‌ပေးသင်တန်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိ‌ဒေါ်သွယ်သွယ်အေးမှ ကျား၊ မရေးရာ Gender အခြေခံသဘောတရားများ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုအကြောင်းအရာများ၊ GBV Case များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား မြို့နယ်အတွင်းရှိ မိခင်ဝိုင်းဆရာမ(၄၅)ဦးတို့ကို အသိပညာပေးရှင်းလင်းပြောကြားကာ လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး တစ်နေ့တာ သင်တန်းဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်