ဒဂုံမြောက် ဒီဇင်ဘာ ၃
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးကျင်းပသော ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ မသန်စွမ်း အားကစားကွင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။
အဆိုပါ ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို မီတာ ၁၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀၊ သံလုံးပစ်စသဖြင့် ပြေးခုန်ပစ် ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များမှ ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
မြင့်မြင့်ရီ