သတင်းများ

ဝိုင်းမော်မြို့နယ်၌ တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် မိခင်ကလေးကျန်းမာရေး စစ်တမ်းကောက် ယူခြင်းအခမ်းအနားကျင်းပ
Dec 04,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် မိခင်ကလေးကျန်းမာရေးစစ်တမ်း ကောက်ယူခြင်းအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်နံနက် ၁၀ နာရီခွဲက ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၂)ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ယာယီမဏ္ဍာပ်တွင်ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်ခန်းမတွင် ဆောင်ရွက်သည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများဝင်ငွေတိုးရေးစီမံကိန်း အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများသင်ကြား
Dec 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများ သင်ကြားပေးလျက်ရှိကြောင်းသိရှိရပြီး ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းအနောက်ရပ် ဆင်ဖြူချပ်ပရဟိတဘုန်းတော်ကြီးကျောင်းတွင် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံရရှိထားပြီးသော တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်း၍ တောင်သူလယ်သမားများ ရာသီဥတုကြောင့် သီးနှံပျက်စီးမှုကို အာမခံစနစ်ဖြင့် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်သည့် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံ အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဆန်းမှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံရရှိထားပြီးတောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ပြုလုပ်ခဲ့သည်။
အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 04,2023
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများ စာပေမှရရှိမည့် ဗဟုတသုတများ ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရန် ရည်ရွယ်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက  ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြသပွဲ ဆောင်ရွက်
Dec 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှိ တေဇခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြိုနယ် အမှတ်-(၂) အခြေခံပညာအထက်တန်ကျောင်းတွင်   လူငယ်ကဏ္ဍမြှင့်တင်ပေးနိုင်ရန်၊  ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊  နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က  အဆိုပါကျောင်းခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။