သတင်းများ

ဟင်္သာတမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်  စာစီစာကုံးပြိုင်ပွဲကို ဟင်္သာတခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။
(၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ပန်းချီ၊ ကဗျာပြိုင်ပွဲများကျင်းပ
Dec 04,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ပန်းချီ၊ ကဗျာပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက (၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဒေးဒရဲမြို့၌ ကျေးရွာများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက သဲကုန်းကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီကုံးပြိုင်ပွဲ စစ်တွေမြို့၌ကျင်းပ
Dec 04,2023
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်စာစီကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ပညာရေးမှူးရုံး၌ ကျင်းပသည်။
မုံရွာမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (ထက်၊ လယ်)ဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Dec 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(ထက်၊ လယ်)ဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
ကျောင်းသား/သူများ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်အတွက် ကာယကြံ့ခိုင်ရေးပြိုင်ပွဲကျင်းပ
Dec 04,2023
ကျောင်းသား/သူများ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုစေသည့် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်အတွက် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်းကာယကြံ့ခိုင်ရေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ တစ်ရာသီလျှင် သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Dec 04,2023
ဇေယျာသီရိမြို့နယ်အတွင်းရှိ လယ်ယာမြေများ ချန်လှပ်ထားမှုမရှိဘဲ တစ်ရာသီလျှင် သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ တွေ့ဆုံခဲ့သည်။