ဓနုဖြူမြို့နယ်၌ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံရရှိထားပြီးသော တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ဓနုဖြူ    ဒီဇင်ဘာ    ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်း၍ တောင်သူလယ်သမားများ ရာသီဥတုကြောင့် သီးနှံပျက်စီးမှုကို အာမခံစနစ်ဖြင့် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်သည့် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံ အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဆန်းမှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံရရှိထားပြီးတောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာတို့မှ ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူကြသည့် တောင်သူဦးကြီးများနှင့် တွေ့ဆုံ၍ သိရှိလိုသည်များအား ဖြေကြားခဲ့ပြီး သာဧဒေါင့်ကျေးရွာအုပ်စုရှိ တောင်သူများအား စိုက်ပျိုးစရိတ်များပေးအပ်ခဲ့သည်။ ထို့နောက် ဓနုဖြူမြို့နယ်အတွင်းရှိ သာဧဒေါင့်ကျေးရွာအုပ်စုမှ တောင်သူ(၆၃)ဦး၊ ဧက(၄၂၆)ဧက၊ ထုတ်ချေးငွေကျပ် (၄၂၆၀၀၀၀၀)သိန်း၊ ပရီမီယံကြေး (၄၂၆၀၀၀)အား တောင်သူများမှ ဝယ်ယူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)