သတင်းများ

ဒေးဒရဲမြို့၌ ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက  (အလယ်ပိုင်း)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃)ကျင်းပ
Dec 04,2023
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအပါအဝင် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျော့ချရေး မဟာဗျူဟာ (၂)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သိပ္ပံနှင့်နည်းပညာဒုဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အဖွဲ့ ကန်ကြီးထောင့်မြို့နယ်တွင် Gasifier အသုံးပြု၍ ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကအုပ်စု၊ ရိုးကြီးကျေးရွာရှိ အောင်သီဟဇော် ဆန်စက်(၂)တွင် Gasifier အသုံးပြု၍ ဆန်စက်လည်ပတ်နေမှုအခြေအနေများအား သိပ္ပံနှင့်နည်းပညာဒုဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီပွားရေးရာဝန်ကြီး ဦးတင်အေး၊ သယံဇာတဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲတို့သည့် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Dec 04,2023
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲပြုလုပ်
Dec 04,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက  (အလယ်ပိုင်း)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲကျင်းပ
Dec 04,2023
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြု လုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ အာခါဘာသာစာပေသင် TA/LT ဆရာ/ဆရာမ မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းနှင့် အဘိဓာန်ပုံနှိပ်စာအုပ်ထုတ်ဝေခြင်း အခမ်းအနား ကျင်းပ
Dec 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်  တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ရှမ်းပြည်နယ်)မှ ကြီးမှူး ဖွင့်လှစ်သည့် ကျိုင်းတုံမြို့၌ အာခါဘာသာစာပေသင် TA/LT ဆရာ/ဆရာမ မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းနှင့် အဘိဓာန်ပုံနှိပ်စာအုပ်ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အာခါတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရှမ်းပြည်နယ်)ရုံး၌ ကျင်းပသည်။