ကြံခင်း ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြိုနယ် အမှတ်-(၂) အခြေခံပညာအထက်တန်ကျောင်းတွင် လူငယ်ကဏ္ဍမြှင့်တင်ပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်-(၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက ကျောင်းသား/သူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆောင်ပုဒ်နှင့်အညီ အလေးထားလိုက်နာကြရန်လိုသကဲ့သို့ အသိပညာ၊ အတတ်ပညာဗဟုသုတများဖြင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ကြိုးစားကြရန် တိုက်တွန်းပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် အမှတ်-(၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းတို့နှင့်အတူ ကျောင်းသား/သူများဖြစ်သော (G-10)ကျောင်းသား မောင်ဝေယံရဲထက်က "လူငယ်နှင့်စည်းကမ်း"ခေါင်းစဉ်နှင့် (G-9)ကျောင်သားမောင်အောင်ကျော်သူက "လူငယ်နှင့်အားကစား"ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (G-11)ကျောင်းသူများဖြစ်သော မချစ်ပြည့်စုံက "လူငယ်နှင့်စာဖတ်ခြင်း"ခေါင်းစဉ်နှင့် မစိုးရတနာထက်က "လူငယ်နှင့်ကျန်းမာရေး"ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးကြပြီး၊ အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါအကြောင်းအရာ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသော အချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၂၅၀)ဦး တက်ရောက်ကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသထားခြင်းအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)