(၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ပန်းချီ၊ ကဗျာပြိုင်ပွဲများကျင်းပ
Dec 04,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ပန်းချီ၊ ကဗျာပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက (၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။