သတင်းများ

သရက်ချောင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲကျင်းပ
Dec 04,2023
"ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ပညာရတနာခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်
Dec 04,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အ.မ.က(မူလွန်) ဘဲကုန်းကျောင်းနှင့် အ.မ.က(မူလွန်) အင်ကြင်းခင်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 04,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ အထက်တန်းအဆင့်ကျောင်းသား/ ကျောင်းသူများ အမျိုးသားရေးစိတ်ဓါတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ​ကို ယနေ့မွန်းလွဲပိုင်းက ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ဝိနယသဒ္ဓမ္မပါလစာမေးပွဲ ဖြေဆို
Dec 04,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ မဟာတိလောကာရာမစာသင်တိုက်၌ ၂၀၂၃ ခုနှစ် ဝိနယသဒ္ဓမ္မပါလစာမေးပွဲကို ယနေ့ မွန်းတည့်(၁၂)နာရီတွင် ကျင်းပသည်။
တံတားဦးမြို့နယ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြို ဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Dec 04,2023
၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၇)ရက်၊ တန်ဆောင်မုန်းပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းပြီး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ‘‘လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Dec 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ပျဉ်းမနားမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေး
Dec 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ကင်ပွန်းတန်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
မိုးကောင်းမြို့ ဥတ္တရာရုံသီလရှင်ကျောင်းတိုက်၌ အဘိဓမ္မာ(၇)ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်
Dec 04,2023
အနန္တောအန္တငါးပါကိုဦးထိပ်ထားလျက် အဘိဓမ္မာဒေသနာတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့ ပါစေခြင်းအကျိုးငှာ သာသနာတော်မြတ်ကြီး အစဉ်တည်တံခိုင်မြဲစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ အထက်ရှမ်းစုကျေးရွာ ဥတ္တရာရုံသီလရှင်ကျောင်းတိုက်၌ ဒသမအကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။