သတင်းများ

ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 04,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉:၃၀) နာရီက ဆင်လမ်း (အ.ထ.က)ရှိ  ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ စာရေးဆရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား
Dec 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း (၅) ရက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center)တွင် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊  စာဖတ်ရှိန်မြင့်မားစေရေးနှင့် အသိပညာဗဟုသုတပြည့်စုံစေရေးအတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့်  မြန်မာစာစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နေ့လယ် (၂:၀၀) အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ
Dec 04,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် “(၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များတိုးတက်စေရန်ရည်ရွယ်၍ ပုံပြင်ပြော၊ ကဗျာရွတ် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့ မွန်းလွဲ   ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ
Dec 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ထိုးနှံပေးနေသည်။
ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများထုတ်ပေး
Dec 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့နယ်တွင် မြို့မဈေးသမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါအသင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဆောင်ရွက်
Dec 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင်(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းခတ်မြို့၊ လူထုအ‌ခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးသင်တန်းဖွင့်လှစ်
Dec 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် Gender Based Violence (GBV) အသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။