သတင်းများ

ချမ်းအေးသာစံမြို့နယ်တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Dec 05,2023
ကျောင်းသားကျောင်းသူများ ဗလငါးတန်ပြည့်စုံစေပြီး ထူးချွန်ထက်မြတ်သည့် အနာဂတ်သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်အတွက် ယနေ့နံနက် (၉)နာရီအချိန်က ချမ်းအေးသာစံမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမဆောင်အတွင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ
Dec 05,2023
ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဆောင်ပုဒ်နှင့်အညီ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင် ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 05,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်၌ ရေပေးဝေရေး လျှိုပိတ်တမံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆောင်ရွက်ပြီးစီးပါက နွေစပါးရေပေးဝေနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီစေရေး၊ ကြံ့ခိုင်မှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းမှာကြားပြီး မွေးမြူရေးတိုးချဲ့ဇုန်အတွင်း ဥစားဘဲ၊ အသားစားဘဲ မွေးမြူရေးခြံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဥစားဘဲများ အပြင် ဥစားကြက်များ တိုးချဲမွေးမြူနိုင်ရေးကိုမှာကြားသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Dec 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ပထမနှစ်(ပထမနှစ်ဝက်)နှင့် PPTT (၁၀/၂၃) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆို ပွဲအခမ်းအနားသို့ တက်ရောက်
Dec 05,2023
ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပထမနှစ်(ပထမနှစ်ဝက်)နှင့် PPTT(၁၀/၂၃)ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပခဲ့သည်။
ကြံခင်းမြို့တွင် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(ပထမ) နေ့ကျင်းပ
Dec 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(ပထမ)နေ့ မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်များ ဖြေဆိုခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က  အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ထက်/လယ်အဆင့် ကျပန်းစကားပြော ပြိုင်ပွဲပြုလုပ်
Dec 05,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ထက်/လယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။   
သံတောင်ကြီးမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ
Dec 05,2023
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်ကျောင်းတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။