ချမ်းအေးသာစံ ဒီဇင်ဘာ ၅
ကျောင်းသားကျောင်းသူများ ဗလငါးတန်ပြည့်စုံစေပြီး ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်အတွက် ယနေ့နံနက် (၉)နာရီအချိန်က ချမ်းအေးသာစံမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမဆောင်အတွင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲတွင် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းကျောင်းအုပ်ဆရာမကြီး ဒေါက်တာညိုညိုတင်က အဖွင့်အမှာ စကားပြောကြားပြီး ချမ်းအေးသာစံမြို့နယ် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာမ ဒေါ်နုနုကြည်(အမေ့အိမ်)က ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းသားလူငယ်များ စာဖတ်ပေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်ကပညာရေးကို အခြေခံကာ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
အဆို ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့်အတူ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်