သတင်းများ

ရွှေကူမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Dec 05,2023
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ကချင် ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်ပြပွဲ ကျင်းပ
Dec 05,2023
တန်ဆောင်းမုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ပုလောမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တာလေမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ကို ယနေ့ နေ့လယ်ပိုင်းက အဆိုပါ ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားကြောင်း သိရသည်။
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများ မြန်အောင်၌ကျင်းပ
Dec 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်က အခြေခံပညာအလယ်တန်းကျောင်း (လက်ပံရပ်)တွင် ကျင်းပခဲ့သည်။
ပန်ဆောင်မြို့၌ ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး
Dec 05,2023
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ကျေးရွာအရောက် မြေပြင်ကွင်းဆင်းသွားရောက်ပြီး တာဝန်ရှိသူတို့ကကျေးရွာ၏ လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့ကျေးလက်ဦးစီးဌာနမှ သိရသည်။
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် "ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲထိန်းချုပ်နိုင်ရေး" အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ကူညီပံ့ပိုးမှုဖြင့် ယမန်နေ့နေ့လည်ပိုင်းက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲထိန်းချုပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 05,2023
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က ကာမိုင်းကျောင်းနှင့် အ.ထ.က (ခွဲ) မြို့မ-၂ ကျောင်းတို့တွင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 05,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာတို့သို့ သွားရောက်ငှား ရမ်းပေးကြသည်။