ဟင်္သာတမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ ကျင်းပ
Dec 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသားကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန်ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန် စီမံကိန်းများဆောင်ရွက်ရန် လူရည်ချွန်စိစစ်ရွေးချယ်ပွဲကို ဟင်္သာတမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့သည်။