သတင်းများ

မြိတ်မြို့တွင် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် လူရည်ချွန် ကျောင်းသား/သူများ ရွေးချယ်ရေး စာမေးပွဲ ကျင်းပ
Dec 05,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍  စာရိတ္တကောင်းမွန်သော နိုင်ငံသားကောင်း ကျောင်းသား/သူ လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ မြို့နယ်အဆင့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် လူရည်ချွန် ကျောင်သား/သူ ရွေးချယ်ရေး ရေးဖြေစာမေးပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က (၁) မြိတ်တွင် စတင်ကျင်းပသည်။
ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်‌စေရန် အစပျိုးလှုပ်ရှားမှု အကောင်အထည်ဖော်ရေး သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ညနေ(၄)နာရီက ကျောင်းသား/ကျောင်းသူများ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု အသင်းအဖွဲ့လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုတိုးမြှင့်ရေးအစဉ်အစီများ ဆောင် ရွက်ရာတွင် အောင်မြင်ရေး ကျောင်သား/ကျောင်းသူများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု အကောင်အထည်ဖော်ရေးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Dec 05,2023
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယအကြိမ် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (မော်လမြိုင်ခရိုင်ရုံး)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Dec 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် MSME အေဂျင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ UMFCCI (နေပြည်တော်ရုံးခွဲ)၊ နေပြည်တော် NCCI အသင်း၊ နေပြည်တော် MSMEs အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆန်ကုန်သည်များအသင်းနှင့် ဆီကုန်သည်များအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဂွမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေ
Dec 05,2023
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေ သည့် (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် အသိပညာပေး အခမ်းအနားတွင် ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တီဘီရောဂါရှာဖွေကုသပေးခြင်း ကွင်းဆင်းဆောင်ရွက်
Dec 05,2023
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် "လူတိုင်းအသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တီဘီရောဂါ ရှာဖွေကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် ကံရွာကျန်းမာရေးဌာနတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တောင်သူများနှင့် တွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
Dec 05,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ငပုတောမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စု တောင်သူမြင့်မြင့်အေး၏ လယ်မြေတွင် ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)နှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံကာ လာမည့်မိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝစိုက်ပျိုးမည်ဖြစ်၍ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမည့်သီးနှံများအောင်မြင်စေရေး၊ စိုက်ဧကများပြည့်မီရေးနှင့် ဆီဖူလုံမှုရရှိစေရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က ဆီထွက်ဆောင်းသီးနှံနေကြာ စိုက်ပျိုးခြင်းနှင့် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။
ကျောက်ဆည်မြို့၌ စာဖတ်ရှိန် မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။