သံတောင်ကြီးမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

သံတောင်ကြီး ဒီဇင်ဘာ ၅

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်ကျောင်းတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌နော်လိုအေးက ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လော်မူက အမျိုးသား အောင်ပွဲနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါသည့် နေ့ရက်တစ်ရက်ဖြစ်ကြောင်း၊ ကိုလိုနီ နယ်ချဲ့လက်အောက်ကျရောက်စဉ် နယ်ချဲ့ဆန့်ကျင်ရေး   အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများစွာအနက်မှ နယ်ချဲ့အစိုး၏  ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင်သပိတ်မှောက်ရာမှ  အမျိုးသားရေး နိုးကြားတက်ကြွမှု ဖြစ်လာစေသည့် နေ့ရက်ကို အမျိုးသား‌နေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း စသည့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို  အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားများက သိရှိလိုသည်များ မေးမြန်းရာ ကျောင်းအုပ်ဆရာမကြီးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ