သရက်ချောင်း ဒီဇင်ဘာ ၅
ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဆောင်ပုဒ်နှင့်အညီ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင် ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ နေ့ထူးနေ့မြတ်များအကြောင်းနှင့် အမျိုးသားရေးစိတ်ဓါတ်နိုးကြားထက်သန်ရေး အသိပညာပေး ဟောပြောပြီး ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျောင်းသား/သူများ လေ့လာကြည့်ရှုနိုင်ရန် ဒေသလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနံရံကပ်များအား ခင်းကျင်းပြသခြင်းနှင့် ကျောင်းသား/သူများ စာဖတ်ခြင်း အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ အသစ်ရောက်ရှိလာသော စာအုပ်စာစောင်များ ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)