သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂ဝ၂၃) တက်ရောက်
Dec 05,2023
နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ နံနက် (၁ဝ) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ခွင့် ဖြေဆို
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Dec 05,2023
မန္တလေး၊ အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူမှုဝန်ထမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အောင်မြေသာစံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုး တက်ရောက်အမှာစကားပြောကြားပြီး ကျောင်းအတွက် သုတ/ရသစာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်
Dec 05,2023
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မူလွန်အဏ္ဏဝါကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပသည်။
မိတ္ထီလာမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်‌ဆေးထိုးနှံခြင်း ဆောင်ရွက်
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈လမ်းနှင့် ၅၉ လမ်းထောင့်ရှိ  အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၉) နှစ်ပြည့်ပြီး (၁၂)နှစ်မ‌ကျော်သည့် ကျောင်းသူ (၇၁)ဦးအား ယနေ့ နံနက် ၉:၀၀ နာရီ အချိန်၌ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။
ကွန်ဟိန်းမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 05,2023
ကျောင်းသား/ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သော အသိပညာဗဟုသုတများ သိရှိနားလည်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒီဇင်ဘာ ၅ ရက်၊ မွန်းလွဲ ၁နာရီခွဲခန့်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့သည်။