ကြံခင်းမြို့တွင် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(ပထမ) နေ့ကျင်းပ

ကြံခင်း ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(ပထမ)နေ့ မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်များ ဖြေဆိုခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က  အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းများမှ (Grade-9)တန်းမှ (Grade-12)တန်းထိ ကျောင်းသား/သူ (၅၃)ဦးတို့ ဝင်ရောက် ဖြေဆိုခဲ့ကြပြီး၊  ဒီဇင်ဘာ(၆)ရက်နေ့တွင် လူတွေ့နှုတ်ဖြေဆိုခြင်းနှင့် အထွေထွေဗဟုသုတ ဘာသာရပ်များ ဖြေဆိုကြရမှာဖြစ်ကြောင်းနှင့်  ဒီဇင်ဘာလ(၈)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု အားကစားနည်း (၅)မျိုးကို လက်တွေ့ပြုလုပ်ဖြေဆိုကြရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)