သတင်းများ

မက်မန်းမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲ ကျင်းပ
Dec 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Dec 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်၊ ဗောဓိကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဗောဓိကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀)ရက်နေ့၌ ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
မကွေးတက္ကသိုလ်၏ ၂၃ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ဆက်လက်ကျင်းပ
Dec 05,2023
၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတက္ကသိုလ်(နေ့သင်တန်း)၊ ၂၀၁၉၊ ၂၀၂၂ ပညာသင်နှစ် မကွေးတက္ကသိုလ် (အဝေးသင်သင်တန်း)နှင့် ၂၀၁၉ ပညာသင်နှစ်၊ ရေနံချောင်း ဒီဂရီကောလိပ်(အဝေးသင်သင်တန်း)တို့၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိသည်။
မိုင်းတုံ​မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မိုင်းဆတ်ခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် Gender Based Violence (GBV) အသိပညာပေးဟောပြောပွဲအခမ်းအနားကို မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ မြို့နယ်အမျိုးသမီးကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် မာတေလ်ဆာအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၇၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 05,2023
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ အမှတ်-၁၅ အခြေခံပညာအထက်တန်းကျောင်းတွင် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 05,2023
ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ အမှတ်-၁၅ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။