သာယာဝတီမြို့နယ်တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်
Dec 05,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးသီးနှံများရောဂါနှင့် ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်နိုင်ရေး၊ သီးနှံများအထွက်တိုးပြီး ဝင်ငွေပိုမိုရရှိနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့် ပတ်သက်သည့် နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တောင်ပန်းဆွဲ၊ လက်ပံတုန်း၊ သင်တောရိုး၊ ဂုံမင်းမြောင်ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။