တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ပထမနှစ်(ပထမနှစ်ဝက်)နှင့် PPTT (၁၀/၂၃) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆို ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ်   ဒီဇင်ဘာ  ၅

ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပထမနှစ်(ပထမနှစ်ဝက်)နှင့် PPTT(၁၀/၂၃)ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆရာ၊ ဆရာမလောင်းများအနေဖြင့် ကိုယ့်ဒေသကို ချစ်မြတ်နိုးပြီး၊ ဒေသ၏ ဆရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သော ဆရာ့အတတ် ပညာလက်မှတ်ရ ဆရာ၊ ဆရာမများ၊ ဘွဲ့ရ ဆရာ၊ ဆရာမများပေါ်ထွက်လာမှာဖြစ်သောကြောင့် ဝမ်းသာဂုဏ်ယူမိကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးကြီးသောအရင်းအနှီးသည် ပညာရေးဖြစ်ကြောင်း၊ ပညာသည် မကုန်ခမ်းနိုင်သော အရင်းအနှီးဖြစ်သည့်အတွက် ပညာရေး အဆင့်အတန်းမြင့်မားအောင် နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ ပြောင်းလဲရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပညာတတ်သူ၊ စိတ်စေတနာကောင်းသူ၊ ကိုယ်ကျင့်တရားကောင်းသူ၊ ထက်မြက်သူ၊ ဝီရိယရှိသူများပေါ်ထွက်လာအောင်မွေးဖွားနိုင် သောဆရာများ၏ အခန်းကဏ္ဍသည် လူ့ဘောင်လောကအတွက် အလွန်အရေးကြီး အရေးပါလှကြောင်း၊ တိုင်းဒေသကြီး အတွင်းမူလတန်းအဆင့်၊ အလယ်တန်းအဆင့် သင်ဆရာ၊ ဆရာမများ လိုအပ်ချက်များပြားလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင်ဆရာ၊ ဆရာမအင်အားနည်းပါးပြီး သင်ကြားသင်ယူမှုထိရောက် အဆင်ပြေမှု မရှိဖြစ်နေကြောင်း၊ ပညာရေးဒီဂရီကောလိပ်တွင် ပညာသင်ယူပြီး မူလတန်းဆရာ့အတတ်ပညာ လက်မှတ်ရသူများ၊ B.Sc (Education)B.A (Education)ဘွဲ့ရသူများဖြစ်လာသည့်အခါ အနာဂတ် မျိုးဆက်သစ်တို့၏ သင်ကြားသင်ယူမှုကို ထိရောက်စွာပံ့ပိုးကူညီပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ပညာပြည့်၀နှလုံးလှသူများအဖြစ်လောကကောင်းကျိုးသယ်ပိုးဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားကြရန် ပညာရေးဖြင့် ဆရာ့အတတ်ပညာတို့ကို အမြဲတမ်းဖတ်ရှုလေ့လာခြင်း၊ ဆွေးနွေးခြင်းတို့ဖြင့် မိမိ၏ပညာရည်မြင့်မားတိုးတက်အောင်မြှင့်တင် ဆောင်ရွက်ရန်ကျန်းမာပျော်ရွှင်စွာဖြင့် ပညာကို ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်းပြောကြားသည်။ ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ကျောင်းသား/သူများက ထားဝယ်ရိုးရာယန်းအက၊ မင်္ဂလာပါ၊ ဘက်စုံဦးတည် DEDC အကများနှင့် သီချင်းသီဆိုဖျော်ဖြေနေမှုတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး ထားဝယ်ပညာရေး ဒီဂရီကောလိပ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေ(၁၀) သိန်းကို ပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)