ပျော်ဘွယ် ဒီဇင်ဘာ ၅
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်၍ အလယ်တန်း စစ်တုရင်ပြိုင်ပွဲကျင်းပခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ ကောင်းသောယှဉ်ပြိုင်မှုနဲ့ ပြိုင်ဆိုင်တတ်စေဖို့၊ ကျောင်းစာတွင်မက အားကစားကဏ္ဍမှာကိုလည်း စိတ်ပါဝင်စားစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးခြင်းဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့် ကျင်းပပြုလုပ်ပေးကာ ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ (၁၆)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)