မင်္ဂလာတောင်ညွန့်မြို့နယ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁း၃၀ နာရီအချိန်က အ-ထ-က (၅)ကျောင်း၊  မြတ်ဆရာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက နေ့ထူးနေ့မြတ်ဖြစ်သော အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားပညာရေးအကြောင်း၊ အတုယူရမည့် အမျိုးသားရေးစိတ်ဓါတ်များနှင့်  (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကိုသိရှိပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် ကျောင်းသား/ ကျောင်းသူများ ဖြစ်လာစေရေး အသိပညာပေးဟောပြောခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)