သတင်းများ

စလင်းမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲဆောင်ရွက်
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်ပြသပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အိုးဘိုကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ ပူးပေါင်း၍ ဘုန်းတော်ပြည့် ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
မိုင်းယောင်းမြို့၌ သမဝါယမအသင်းသားများအား စုဆောင်းငွေအပေါ် အတိုးထုတ်ပေး
Dec 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်၍ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသူ၊ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေရသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် ယူနန်ဘုံကျောင်းမိသားစုမှ စားသောက်ဖွယ်ရာများ လှူဒါန်း
Dec 06,2023
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် လားရှိုးယူနန်ဘုံကျောင်းအဖွဲ့မှ စားရိက္ခာများကို ဒီဇင်ဘာ ၄ ရက်နေ့က လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(၁၀၃) နှစ်​မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနား ဆင်ပေါင်ဝဲမြို့၌ ကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ် ကျွန်းကလေးကျေးရွာအုပ်စုမှ တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃-ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၇)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ်က ကျွန်းကလေးကျေးရွာအုပ်စုမှ တောင်သူ(၁၃၇)ဦးအား ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးခဲ့သည်။
မင်းတုန်းမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ယနေ့နံနက် ၈ နာရီက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်(၂၇၀)စောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
သထုံမြို့နယ်တွင်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Dec 05,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့မွန်းလွဲပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။