သတင်းများ

တောင်ဥက္ကလာပမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက်တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တိုင်းရင်းဆေးကုဌာနမှကြီးမှူး၍ (၂၂)ကြိမ်မြောက်တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် ကျန်းမာရေးအသိပညာဟောပြောခြင်းနှင့် ကျန်းမာရေး‌စောင့်ရှောက်မှုများကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ ကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုပွဲကို ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်နံရံကပ်စာစောင်များ ပြသ
Dec 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနမှ ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးအတွက်၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သစ်ဝင်တိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း စာသင်ဆောင်၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာဟောပြောပွဲကျင်းပ
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာဟောပြောပွဲကို အဆိုပါကျောင်း မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 06,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က တံတားဦးမြို့နယ်  ပန်းယျကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။
ပခုက္ကူမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Dec 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်၉နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်အ​ခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေးဟောပြောပွဲကို မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်
Dec 06,2023
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ဟာရီကျန်းကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာ‌စောင်ပြသခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။