သတင်းများ

ထန်းတပင်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ဆိပ်ကြီးကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်
Dec 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်ကအခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ဆိပ်ကြီးကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရေတာရှည်မြို့နယ် Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်
Dec 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နေ့လယ်(၁း၃၀)အချိန်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့် အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Dec 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့် အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲကို ဒီဇင်ဘာလ၅ရက်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
၁၀၃ နှစ်​မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Dec 06,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ၁၀၃ နှစ်​မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပသည်။
မှော်ဘီမြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဟောပြောပွဲကျင်းပ
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ယာဉ်စည်းလမ်းစည်းကမ်းအဖွဲ့များမှ ဟောပြောပွဲအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော် ပိတ်ပွဲ တက်ရောက်
Dec 06,2023
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ည(၈)နာရီက ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီး ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အလုံမြို့နယ်၌ (၁၀၃ ) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ
Dec 06,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေခြင်း ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာ ကွင်းအမှတ်-၂၂၆၈တွင် မိုးစပါး စံကွက်ရိတ်သိမ်းပွဲပြုလုပ်
Dec 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို၊ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က၊ ကွင်းအမှတ်-၂၂၆၈၊ ရွာမကွင်း၌ဆောင်ရွက်ခဲ့ရာ၊ မြို့နယ် စံကွက်ရိတ်သိမ်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။