ကျောက်တံခါး ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ဟာရီကျန်းကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန်းတင့်က ကျောင်းသား/ ကျောင်းသူများအား (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အကျယ်တဝံ့အသိပညာပေးရှင်းလင်းဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်အငိပညာပေး၊ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)