သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်ပေးလျက်ရှိ
Dec 06,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာတို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့ ဆက်လက် စစ်ဆေးခြင်းများဆောင်ရွက်
Dec 06,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာ ဗဟုသုတမြင့်မားတိုးတက်စေရန်၊ လူငယ် လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့အဖြစ် စစ်ဆေးခြင်းများဆက်လက်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက် ပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း၌ (၁၀၃) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်သတင်း စကားလက်ကမ်းစာစောင်များ ဝေငှ
Dec 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ် (၂၀၁) အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်း လပြည့် ကျော်၁၀ရက်နေ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၃) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့၌ ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာသင်ကျောင်းများနှင့် လူစည်ကားရာ နေရာများတွင် ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ လူငယ်များဘက်စုံပညာ ထူးချွန်ထက်မြက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Dec 06,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)၌ ကျင်းပသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 06,2023
ပုဗ္ဗသီရိမြို့နယ် ငုရွှေဝါဈေးအတွင်းရှိ ပြည်သူများ အမျိုးသားရေးစိတ်ဓာတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။
ကာလိမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 06,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကာလိမြို့၌ ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များ အောက်မေ့သတိရစေရန်နှင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်းတက်စေရန် ရည်ရွယ်၍ (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ) (ကျိုင်းလွန်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဆိုလာနေရောင်ခြည်စွမ်းအင်သုံးစနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 06,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းသည် တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိသည့် ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစနစ် လျှပ်စစ်ရေတင် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး စိုက်ပျိုးရေဖြန့်ဝေပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။