သတင်းများ

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ညောင်ရွှေ၌ ကျင်းပ
Dec 06,2023
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။
ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြိုင်ပွဲများ ကျင်းပ
Dec 06,2023
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ၌ အမှတ်(၈)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းခွဲ၊ လ(၁၇)၌ ဟောပြောပွဲကျင်းပပြုလုပ်သည်။
ကျောက်တလုံးကြီးမြို့တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်
Dec 06,2023
ကျောက်တလုံးကြီးမြို့ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများကို သိရှိနိုင်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အ.လ.က (ခွဲ) နောင်ဟိုင်းကြီးနှင့် အ.မ.က၊ ထီပုန်းသို့ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းဆောင်ရွက်သည်။ကျောက်တလုံးကြီးမြို့ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများကို သိရှိနိုင်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အ.လ.က (ခွဲ) နောင်ဟိုင်းကြီးနှင့် အ.မ.က၊ ထီပုန်းသို့ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
ပုံပါကျင်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
Dec 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲ (၁)နာရီက အခြေခံပညာအထက်တန်းကျောင်း(ပုံပါကျင်)၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
မင်းလှမြို့နယ်၊ စစ်ကွင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Dec 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌မင်းလှမြို့နယ်၊‌ စစ်ကွင်းမြို့၊ မြို့မရပ်ကွက်၊ တက်နေထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှဦးဆောင်၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ  ၆ ရက်  နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။
အ.ထ.က (၁) ကျောင်း၌ အထက်တန်းအဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပဖြေဆို
Dec 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ရှိ အ.ထ.က(၁) ကျောင်း၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သော အထက်တန်းအဆင့် လူရည်ချွန်စာမေးပွဲကို အဆိုပါကျောင်း၌ ကျင်းပဖြေဆိုခဲ့သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Physical Fitness Dance လေ့ကျင့်ခန်းစုပေါင်းဆောင်ရွက်
Dec 06,2023
ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှုဦးဆောင်၍ အမျိုးသမီးများအရေးပါဝင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများပူးပေါင်းပါဝင်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလေ့ကျင့်ခန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။