ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ ကျင်းပ

ဆိပ်ဖြူ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုပွဲကို ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ဉာဏ်ပညာထူးချွန်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော အကျင့်စာရိတ္တကောင်းမွန်သည့် ဗလငါးတန်နှင့်ကြည့်စုံသော ကျောင်းသား/ကျောင်းသူများ လူငယ်လေးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရပြီး မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုပွဲကို မြို့နယ်ပညာရေးမှူးဦးဆောင် ကြီးကြပ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ ကျောင်းအုပ်ဆရာ/ဆရာမများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုပွဲကို ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် Grade – 9 ၊ Grade – 10  ၊ Grade – 11 ၊ Grade – 12 တို့၌ ပညာသင်ကြားနေသည့် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ ၅၅ ဦး လာရောက်ဖြေဆိုခဲ့ကြောင်း၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ် ရေးဖြေစစ်ဆေးခြင်းကို ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ လူတွေ့နှုတ်မေးနှုတ်ဖြေ အထွေထွေဗဟုသုဖြေဆိုခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဖြေဆိုလျက်ရှိပြီး ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို ဒီဇင်ဘာလ ၈ ရက်နေ့၌ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ၏ အတန်းများအလိုက် အမှတ်အများဆုံးရရှိသူ ကျောင်းသား/ကျောင်းသူ (၂)ဦးစီ ရွေးချယ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ(အညာမြေ)