သတင်းများ

လှည်းကူးပညာရေးဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်လျက်ရှိသော (၄) နှစ်သင်ပညာရေးဘွဲ့ ကျောင်းသား/ သူများနှင့် PPTT(၁၀/၂၀၂၃) သင်တန်းသား/ သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။
ချမ်းအေးသာစံမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံရေး လူငယ်စကားဝိုင်းကျင်းပ
Dec 06,2023
အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို  တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေနဲ့ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြတ်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်လူရွယ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်ကာ ချမ်းအေးသာစံမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အမှတ်(၁၀) အခြေခံ ပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျောင်းခန်းမဆောင်တွင်  ကျင်းပခဲ့သည်။
ဝေါမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပန်းချီပြိုင်ပွဲကျင်းပ
Dec 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသည့်အထိမ်းအမှတ်အနေဖြင့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီရေးဆွဲပြိုင်ပွဲတို့ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။
ပြည်မြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 06,2023
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ကျင်းပရာ ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်သည်။
ကျိုင်းတုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၃ ပညာသင်နှစ် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Dec 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ နေ့သင်တန်းများကို နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြပွဲများကျင်းပပြုလုပ်
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁:၀၀)နာရီက (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကျင်းပခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် အနောက်ဖွားစောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကျင်းပ
Dec 06,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ဖွားစောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ကထင်းပုံဆိပ်ကျေးရွာ အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။