သတင်းများ

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲနေ့အကြို  အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်
Dec 07,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး‌ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့ အ.မ.က-ချောင်းဒေါင်း(မြောက်)၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်
Dec 07,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အ.မ.က-ချောင်းဒေါင်း(မြောက်)ကျောင်း၌ ယနေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁:၃၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ကျင်းပ
Dec 07,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း လုပ်ငန်းများကို  ယမန်နေ့ နံနက် (၉) နာရီ၌ အမှတ် (၆) ရပ်ကွက် သာသနာ့ဗိမာန်သုံးထပ်ဆောင်တွင် ကျင်းပပြုလုပ်သည်။
ခရိုင်အဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် (Gender Based Violence)အသိပညာပေးသင်တန်း ဖွင့်လှစ်
Dec 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလုပ်ရှားမှုအထိမ်းအမှတ်(Gnder Based Violence)အသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရေတာရှည်မြို့နယ် Community Centre ခန်းမ၌ (၁၀၃)နှစ်​မြောက် အမျိုးသား​အောင်ပွဲနေ့အထိမ်းအမှတ် ​စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 07,2023
ပဲခူးတိုင်း​​ဒေသကြီး၊​ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန(Community Centre)ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသား​အောင်ပွဲနေ့အထိမ်းအမှတ် ​စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို​ ယမန်နေ့ နေ့လယ်(၁း၃၀)အချိန်တွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့ ပြည်သူ့စာကြည့်တိုက်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Dec 07,2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ
Dec 07,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ပန်းဘဲတန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 07,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင်  မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်၊၊