ဥတ္တရသီရိ ဒီဇင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနမှ ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးအတွက်၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သစ်ဝင်တိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း စာသင်ဆောင်၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ပြီး ဦးစီးအရာရှိဒေါ်မြစန်းရီက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဟောပြောဆွေးနွေးပေးခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသပေးထားသော အမျိုးသားအောင်ပွဲနေ့ ဖြစ်စဉ်သမိုင်းကြောင်း အသိပညာပေးနံရံကပ်ဘုတ်ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)