ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ကျိုင်းတုံ) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန၊ကျောင်းပြင်ပနှင့်  တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း က အမှာစကားပြောကြားပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး(၂)၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာဝင်းဖေက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် တက်ရောက် လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊  လူမှုရေးအဖွဲ့အစည်းများက ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း တိုင်းရင်းသားပြည်သူများ စာတတ်မြောက်မှုတိုးပွားလာစေရန်နှင့် စာတတ်မြောက်မှုနှုန်းများမြင့်မားလာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌတို့က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မြို့နယ် (၄) ခုတွင် ဆောင်ရွက်မည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် နည်းပြသင်တန်းကို ဒီဇင်ဘာလ ၁၃ ရက်မှ စ၍ သုံးရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)