ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်ပွဲကျင်းပ
Dec 12,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေပြည်အေးမြို့၊ လောင်းမင်းကျေးရွာ၊ ဇီးပင်သာကျေးရွာနှင့် နောင်ဆန်းကျင်ကျေးရွာများမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ထွက်ပြေးတိမ်ရှောင်နေရသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများအား ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၁၁) ရက်နေ့၊ ညနေ (၃) နာရီအချိန်က ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားဝင်းရှိ ဓမ္မဝိစယဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။